ယနေ့ခေတ်ကြီးမှာ နေရာတကာမှာ ဝေဖန်ရေးဆရာတွေသိပ်ပေါတယ်။ ဒါပေမယ့်ဝေဖန်မူတခုသာရှိပြီး ယုံကြည်မူတရားတွေမရှိလျှင်မိစ္ဆာပါပဲ။

Tuesday, March 9, 2010

အင်းစိန် စီအိုင်ဒီဝင်း ဆိုင်ခန်း (၁ဝဝ) ကျော် ဖျက်သိမ်း

09/03/2010
ယခုလဆန်းမှစပြီး ရန်ကုန် အင်းစိန် စီအိုင်ဒီဝင်း ပတ်ပတ်လည် ဘုရင့်နောင်လမ်းမကြီးနှင့် အင်းစိန်ဘူတာရုံလမ်း ဘေးတလျှောက်ရှိ ဆိုင်ခန်း (၁၀၀) ကျော်ကို အာဏာပိုင်များ၏ ညွှန်ကြားချက်အရ ဖြိုချဖျက်ဆီးနေကြောင်း ဆိုင်ပိုင်ရှင်အချို့က ပြောသည်။
ဆိုင်ပိုင်ရှင်တဦးက “ကျမတို့ရဲ့ ဆိုင်ခန်းဟာ အုတ်နဲ့အခိုင်အမာ ဆောက်ထားပြီး ဝယ်ထားတာ (၁ဝ) နှစ်ကျော်ရှိပြီ။ ခု သက်ဆိုင်ရာကနေ ဘာအကြောင်းပြချက်မှ မပေးဘဲ ဆိုင်ခန်းတွေအားလုံး ဖေဖော်ဝါရီလကုန် ဖျက်ပေးရမယ်လို့ ပြောတယ်။

ဘာလျော်ကြေးမှလည်း မပေးဘူး၊ ဘယ်မှာမှလည်း ပြန်ပြီး နေရာချပေးတာ မရှိဘူး။ တချို့ မတ်လရောက်တဲ့အထိ မဖျက်တော့ သူတို့က ခိုင်းတဲ့သူတွေကိုယ်တိုင် ဝင်ဖျက်ကြတယ်။ ခုလို လုပ်လိုက်တော့ ရာနဲ့ချီတဲ့ မိသားစုဝင်တွေ၊ သူတို့ကို မှီခိုနေသူတွေ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး ဒုက္ခရောက်ကြတော့မယ်။ ကျမတို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး” ဟု ပြောသည်။

အဆိုပါ ဆိုင်ခန်းများကို ယခင်က အင်းစိန်စီအိုင်ဒီရုံး တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ယာယီဆိုင်ခန်းလေးများအဖြစ် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားခြင်းဖြစ်ကာ နောက်ပိုင်း မြို့ပြအင်္ဂါနှင့်လျော်ညီရန် အုတ်တိုက်ဆိုင်ခန်းများအဖြစ် ကိုယ်ထူကိုယ်ထ ငွေကုန်ကြေးကျခံ တည်ဆောက်ခဲ့ကြပြီး ဆိုင်ခန်းပိုင်ရှင်များက စီအိုင်ဒီရုံး တာဝန်ရှိသူတို့ကို လစဉ် ဆိုင်လခ ပေးကြရသည်။

ဆိုင်ခန်း စတင်ဆောက်စဉ်က တခန်းလျှင် ကျပ် (၂) သောင်းခန့်သာ တန်ကြေးရှိသော်လည်း ယခုအခါ တခန်းလျှင် ကျပ်သိန်း (၂ဝ) မှ (၃ဝ) ကြားအထိ တန်ကြေးရှိနေပြီဖြစ်ကြောင်း သိရသည်။

အင်းစိန်မြို့ခံတဦးက “နဂိုကလည်း ဒီဆိုင်ခန်းတွေဟာ ဒီအစိုးရ လက်ထက်မှာပဲ ခွင့်ပြုချက်နဲ့ ဆောက်ပြီး ကောင်းရောင်း ကောင်းဝယ် လုပ်စားခဲ့တာ။ အခု ဒီအစိုးရကပဲ ပြန်ဖျက်သိမ်းတယ်။ နောက် ပြန်လည်နေရာချထား ပေးတာမျိုးလည်း မရှိဘူးဆိုတော့ ဒီမိသားစုဝင်တွေ ဘာလုပ်စားကြမလဲ။ ပျံကျဈေးသည်တွေ လုပ်ကြမယ်။ တချို့ ကာရာအိုကေဆိုင်တွေမှာ အလုပ်လုပ်ကြမယ်။ တချို့ ပြည့်တန်ဆာတွေ ဖြစ်လာမယ်၊ တချို့ ထိုင်းဘက်ကိုသွားပြီး အလုပ်လုပ်စားကြလိမ့်မယ်” ဟု ပြောသည်။

အင်းစိန်ဘူတာရုံလမ်းဘက် မျက်နှာချင်းဆိုင်တွင် အင်းစိန်အကျဉ်းဦးစီးဌာနပိုင် ဈေးဆိုင်ခန်းများ ရှိနေပြီး အဆိုပါ ဆိုင်ခန်းများလည်း ဖျက်သိမ်းခံရမည်ဆိုသည့် သတင်းထွက်ပေါ်နေခြင်းကြောင့် ဆိုင်ခန်းဖွင့်ကာ အသက်မွေးဝမ်းကျောင်း ပြုနေသူများ စိတ်မချမ်းမြေ့ ဖြစ်နေကြကြောင်းလည်း အင်းစိန်မြို့ခံများက ပြောပြကြသည်။

အဆိုပါ အင်းစိန်စီအိုင်ဒီဝင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်တဦးအား ရောင်းချထားပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း မည်သူ့ကို ဈေးနှုန်းမည်မျှဖြင့် ရောင်းချခဲ့သည်ကိုမူ မသိကြရသေးပေ။

(ခေတ်ပြိုင်)

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

Monday, March 8, 2010

ပြည်ထောင်စုရွှေးကောက်ပွဲအတွက် ပါတီများ ငါးလခန့်သာ အချိန်ရမည်ဟု ရဲချုပ်ပြောကြား

09/03/2010
ပြည်ထောင်စုရွှေးကောက်ပွဲများကို လာမည့် ၁၀ လပိုင်းတွင် ကျင်းပမည်ဟု မျှော်မှန်းထားရာ နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးခွင့် ၅ လခန့်သာ အချိန်ရမည်ဟု မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက နေပြည်တော်လယ်ဝေးမြို့တွင် မြို့မိမြို့ဖများနှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသွားသည်။

မကြာမီကာလအတွင်း ပါတီများ မှတ်ပုံတင်ခွင့်ရကြမည်ဖြစ်ပြီး စည်းရုံးရေးမဲဆွယ်လုပ်ငန်းများအတွက် အချိန်ပေးတော့မည်ဟု ရဲချုပ်က ပြောကြားခဲ့ပြီး၊ ယင်းကာလအတွင်း မြို့မိမြို့ဖများအနေဖြင့် နိုင်ငံနှင့် လူမျိုးအတွက် အရွေးချယ်မမှားကြရန် လိုအပ်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။


ရဲချုပ်က ပြောကြားရာတွင် ပြည်ထောင်စုရွှေးကောက်ပွဲများကျင်းပ ချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြည်တွင်းပြည်ပအဖျက်သမားများ အန္တရာယ်ကို ကာကွယ်နိုင်ရန် မြို့မိမြို့ဖများပါဝင်သည့် ရွေးကော်ပွဲ လုံခြုံမှုအဖွဲ့များ ဖွဲ့စည်းသွားမည်ဟု ဆိုခဲ့ပြီး ယင်းအဖွဲ့ဝင်များကို မိုင်းရှင်းသင်တန်း၊ အဓိကရုန်းရှင်းလင်းရေးသင်တန်းများ တက်ရောက်ရမည်ဟု ပြောကြားသွားခဲ့သည်။

ပေးပို့သူ နေပြည်တော်လယ်ဝေးမြို့မှ ၀ိုင်းတော်သားများကိုကျေးဇူးအထူးတင်ရှိပါကြောင်း

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

န အ စစ်တပ်ထဲတွင် ပြည့်တန်ဆာ ခန်းများဖွင့်

09/03/2010
Freedom News Group
ရန်ကုန် နှင့် နယ်မြို့ များရှိ စစ်တပ် အခြေစိုက် စခန်းများတွင် ကာရာအိုကေဆိုင် များ ၊ဗြူတီဆလွန်းများ
နှင့် တွဲဖက်၍ ပြည့်တန်ဆာရုံများပါတွဲဖက်ဖွင့် လာသည်ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ ဘောက်ထောက်ရှိယခင် တပ်မတော် မှတ်တမ်းရုံး နေရာ ယခု အိမ်ထောင်သည် လိုင်းများ နေ
ရာတွင် အနှိပ် ခန်း နှင့် တွဲဖက် လုပ်ကိုင်သည့် ပြည့်တန်ဆာ ရုံနှစ် ခု ထက်မနည်းရှိကြောင်း ထိုနေရာသို့ 
သွားရောက်ဖူးသည့် ရန်ကင်း ၁၂ လုံးတန်းမှ လူငယ် တစ်ဦးက Freedom News Group သို့ ပြောသည်။

တပ်သက်သာချောင်ချိရေး အတွက် ဆိုပြီး ဖွင့် ထားတာ ဒီ ကျောင်းကုန်းကျောင်းကြီးတိုက် ဘေးကလမ်း
ကနေ ၀င်သွားရင် တပ်ထဲကို ရောက်တာနဲ့ ရုပ်ရှင်ရုံ ကုန်းဘက်မှာ ရှိတဲ့ ဗြူတီ ဆလွန်း တွေ မှာ ရတယ်။
လူစိမ်း ဆိုရင်တော့ မရဘူး ဟု သူကပြောသည်။

တပ်မတော်မှတ်တမ်းရုံးလိုပင် ကမ္ဘာအေးရှိ သနက ၄ နှင့် မင်္ဂလာဒုံ ရှိ ဗိုလ်ရွေးတပ် အပါအ၀င် အခြားတပ်
စခန်း များတွင် လည်း ပြည့်တန်ဆာရုံများ ဖွင့် လှစ်ထားရှိသည် ဟု သိရသည်။

အင်းစိန် ရှိ ခြေလျှင်တပ်ရင်း တစ်ခု မှ တပ်သားတစ်ဦးက လည်း တပ်ရင်းမှုး တို့ တပ်ရေးဗိုလ်ကြီး တို့ နဲ့ 
ပိုင်တဲ့ လူတွေ လုပ်ကြတာလေ ကာရာ အိုကေ ဆိုင်မှာ ကောင်မလေးတွေပါတစ်ခါတည်းရတယ်။တပ်နဲ့ 
စီးပွားရေး အဆက်အဆံရှိတဲ့ အပြင်က အရပ်သားတွေ လည်းလာကြတယ် ဟု အဆိုပါတပ်သားမှ ပြော
သည် ။

လွန်ခဲ့သည့် သုံးလခန့် က ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ မှုး အပြောင်း အလဲ ဖြစ်ချိန် တွင် ရန်ကုန် မြို့ ရှိ အနှိပ်ခန်း
များ ပြည့်တန်ဆာ ရုံများကို စတင် ရှင်းလင်းရာ မှ စစ်တပ် အရာရှိ များ နှင့် အဆက်အသွယ်ရှိသော အနှိပ်
ခန်းနှင့် တွဲဖက်လုပ်ကိုင်သည့် ပြည့်တန်ဆာ ရုံများသည် စစ်တပ်ထဲ သို့ ပြောင်းရွှေ့သွား ခြင်းဖြစ်သည်။

ရန်ကုန်မြို့ ရှိ စစ်တပ်များကဲ့ သို့ ပင် မန္တလေး တံခွန်တိုင်ရှိ သံချပ်ကာတပ်ထဲ တွင် လည်း အနှိပ်ခန်း နှင့်
တွဲဖက်လုပ်ကိုင်သည့် ပြည့်တန်ဆာရုံ နှစ်ခု ထက် မနည်းရှိသည် ။

အမှတ် ၁ သံချပ်ကာ ယန္တယား တပ်မှ တပ်ကြပ်ကြီး တစ်ဦးက မမ ဆိုတဲ့ ဗြူတီဆလွန်းက နာမည်ကြီးပဲ
ကောင်မလေးတွေ လဲရှိတယ်။ ညှိလို့ အဆင်ပြေရင် ခေါ်သွားလို့ လဲရတယ် စစ်တပ်ထဲမှာ ဆိုတော့ဘယ်ရဲ
မှလာမဖမ်း ဘူးလေ ဟု ပြောသည်။

ဗြုတီဆလွန်း၊ကာရာ အိုကေ တို့ နှင့် တွဲဖက်လုပ်ကိုင်သည့် အနှိပ်ခန်းများ ရှိသကဲ့သို့ ပင် တပ်တွင်း ဗီဒီယို
အခွေအငှားဆိုင်များနှင့် ဗီဒီယို ရုံများတွင်လည်း ဟုမ်းမိတ် ခေါ် ညစ်ညမ်းအခွေများ ပြသရောင်းချခြင်းကို
တရား ၀င် နီးပါးပင် လုပ်ကိုင်နေကြသည်။

စစ်တပ်ထဲက မိသားစု တွေလည်း စားဝတ်နေရေး အဆင်မပြေဘူးဆိုတော့ တချို့ တပ်မှုးတွေက မသိချင်
ယောင်ဆောင်ပေးထားတယ်။ တချို့ ကျတော့လည်း တပ်မှုးက ဖွင့်ထားတဲ့ ဘီယာဆိုင် တို့ စားသောက်ဆိုင်
တို့ မှာ အော်ဒါ ရှိရင် ရယ်ဒီ ဖြစ်အောင်လုပ်ထားတာ ဟု မင်္ဂလာဒုံ လေတပ် စခန်းမှ အရာရှိ တစ်ဦးကပြော
သည်။

ရန်ကင်းမြို့ နယ် ၁၆ ရပ်ကွက် တွင် နေသူ တစ်ဦးက စစ်တပ်ထဲမှာ လိုချင်တာ အကုန်ရတယ်။ချဲဒိုင် လည်း
စစ်တပ်ထဲမှာ ပဲ ရှိတာ ၊ ဘာအခွေလိုချင်လည်း စစ်တပ်ထဲမှာ ရှိတယ် ဟု ပြောသည်။

ရန်ကုန် ရှိ ယခင် ထောက်လှမ်းရေး တပ် ၇ နေရာတွင် သောကြာနေ့ တိုင်း ၀စ်သောက်ကားများ အရောင်း
အ၀ယ်လုပ်သည် ဟု သိရသည်။

http://freedomnewsgroup.com/

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

ကြားဖြတ်သတင်း

09/03/2010
န အ ဖ အာဏာရှင် စစ်အုပ်စုကြီးကို နှစ်သစ်မကူးခင် ငရဲ့ပြည်ကို အမြန်ပို့ကြပါစို့ ၊ မန်းလေး နက္ခတ်တ ဗေဒပညာရှင် တွက်ချက်အရ ဒီနှစ်သင်္ကြန်စာမှာ နတ်သိကြားမင်းက စစ်အာဏာရှင်အုပ်စုကို ခွေးသရေပြားနဲ့ မှတ်တမ်းကောက်ယူနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

လပ်ကီးဖိနပ်စက်ရုံ အလုပ်သမားများလည်း မိမိတို့အခွင့်အရေး ဆန္ဒပြတောင်းဆို

09/03/2010
လှိုင်သာယာ စက်မှုဇုံရှိ စက်ရုံတခုတွင် ဖေဖော်ဝါရီ ၉ ရက်နေ့က
ဆန္ဒပြနေသော အလုပ်သမားများ ဖြစ်ပါသည်။
(Photo: freeforcountry.blogspot.com)
အခုတလော မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရှိတဲ့ စက်ရုံအမျိုးမျိုးက အလုပ်သမားတွေ သူတို့ရဲ့ အခွင့်အရေးတွေအတွက် ဆန္ဒပြ တောင်းဆိုနေကြရာမှာ မတ်လ ၈ ရက် ဒီကနေ့ မနက်ပိုင်း လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ လပ်ကီးဖိနပ်စက်ရုံက အလုပ်သမားတွေက အလားတူ ဆန္ဒပြကြတယ်လို့ သိရပါတယ်၊ အလုပ်သမားတွေ လမ်းပေါ်ထွက်ထိုင်ပြီး ဆန္ဒပြကြပုံအကြောင်း အလုပ်သမားတွေနဲ့ နီးစပ်သူတယောက်က RFA ကို ပြောပြရာမှာ 'ဒီနေ့မနက် ၈ နာရီလောက်က လပ်ကီးဖိနပ်စက်ရုံလောက်က အလုပ်သမားတွေပေါ့။ သူတို့က အခု ရန်ကုန်-ပုသိမ်လမ်းမကြီးမှာ ထိုင်ပြီးတော့ ဆန္ဒပြကြတယ်လေ။ အဲဒီက အာဏာပိုင်အဖွဲ့အစည်းတွေက လာပြီးတော့ ဗိုလ်ချုပ်လမ်းထဲကို ခေါ်သွားတယ်။ အဲဒီ ဗိုလ်ချုပ်လမ်းထဲကနေတဆင့် စက်ရုံထဲကို ခေါ်သွားတယ်၊ စက်ရုံထဲမှာ သူတို့ညှိပေးမယ်ပေါ့ အဲလိုပြောပြီးခေါ်သွားတယ်၊ သူတို့က အဲဒီလက်ရှိလစာတသောင်းတိုးပေးဖို့နဲ့ အလုပ်ချိန်တွေ လျှော့ဖို့ပေါ့။ သူတို့ခေါ်တဲ့ အချိန်ပိုကြေးတွေကို မှန်မှန်ကန်ကန်ပေးဖို့ အဲဒါတွေပဲ တောင်းဆိုတာပါ။'

ဒီနေ့ဆန္ဒပြပွဲမှာ ပါဝင်သူအလုပ်သမား ၅ဝဝ လောက်ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး အလုပ်သမား ဆန္ဒပြတောင်းဆိုမှုတွေ ကြိုကြားကြိုကြား ပေါ်ပေါက်လာခဲ့ရာမှာ ခုနောက်ပိုင်း ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ စက်မှုဇုံ ၁၉ ခုလောက် ရှိပြီး ရန်ကုန်မှာ ၅ ခု ရှိတယ်လို့ သိရပါတယ်။ လတ်တလော အလုပ်သမား အခွင့်အရေး ဆန္ဒပြတောင်းဆိုမှုတွေ အဓိက ဖြစ်ပွားနေတာကတော့ ရန်ကုန်မြို့က စက်မှုဇုံတွေမှာပါ။

အခုတလောပေါ်ပေါက်နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေကို အာဏာပိုင်တွေဖက်က ဖြည့်ဆည်းပေးဖို့ ပြည်တွင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ အလုပ်သမားလယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

ကြေညာချက်ထဲမှာ အလုပ်သမားတွေရဲ့ဘဝ အခက်အခဲတွေနဲ့ သူတို့အခုလို ဆန္ဒပြဖို့ ဖြစ်လာရတဲ့အကြောင်းရင်းတွေကိုလည်း ဖော်ပြထားပြီး၊ တောင်းဆိုထားတဲ့အချက်တွေထဲမှာ နိုင်ငံတကာ စံချိန်စံညွန်းနဲ့အညီ အလုပ်သမားကာကွယ်ရေး ဥပဒေကို တရားဝင် ထုတ်ပြန်ပေးဖို့၊ အလုပ်သမားသမဂ္ဂတွေ တရားဝင် ဖွဲ့စည်းပေးဖို့၊ အနိမ့်ဆုံးလစာနှုန်းထားကို လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းနဲ့အညီ ကာမိအောင် တရားဝင် သတ်မှတ်ပေးဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

တောင်းဆိုထားတာတွေကို မရခဲ့ရင် ဆန္ဒပြပွဲတွေ ထပ်တိုးလုပ်သွားဖို့ ရှိပြီး နိုင်ငံတဝန်းက တခြား အလုပ်သမားတွေ အားလုံးကိုလည်း ပူးပေါင်းပါဝင်ကြအောင် တိုက်တွန်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

RFA

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

န အ ဖ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်

08/03/2010

logoဧရာဝတီ
၂၀၁၀ ရွေးကောက်ပွဲဥပဒေကို စစ်အစိုးရက နိုင်ငံပိုင် ရုပ်မြင်သံကြား (MRTV) မှ ယနေ့ ညနေ (၄) နာရီတွင် ကြေညာ လိုက်ပြီဖြစ်သည်။ယင်းကြေညာချက်တွင် ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ နိုင်ငံရေးပါတီ ဖွဲ့ခွင့်ဥပဒေ၊ အမျိုးသား လွှတ်တော်ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော်ဥပဒေတို့ကို ထုတ်ပြန်လိုက်ကြောင်းပါဝင်ပြီး အသေးစိတ်ကို မနက်ဖြန် သတင်းစာများတွင် ဖော်ပြသွားမည်ဟု တပါတည်း ပြောဆိုသွားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
သို့သော်လည်း ရွေးကောက်ပွဲကျင်းပမည့် ရက်ကိုမူ မကြေညာသေးပေ။ ရန်ကုန်ပြည်သူတို့က ရွေးကောက်ပွဲဥပဒေထွက်သည်ကို အလွန်စိတ်ဝင်စားနေကြကြောင်း သိရသည်။
NEJ

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

အမြတ်များမည့် ပြည်သူပိုင်လုပ်ငန်းများ ဦးပိုင် သိမ်းမည်

08/03/2010

ဦးပိုင်လီမိတက်၏ လုပ်ငန်းတခုဖြစ်သော မဟာဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလက်အောက်မှ ပါရမီ ၁၈၃ ယာဉ်လိုင်း ပြေးဆွဲနေသည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
စစ်အစိုးရ လေလံပစ်သည့် ပြည်သူပိုင် စီးပွားရေး လုပ်ငန်းများအနက်မှ အမြတ်အစွန်းများရန် သေချာသော လုပ်ငန်းကြီးများကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တိုက်ရိုက်လွှဲပြောင်း ရယူလျက် ရှိကြောင်း သတင်းရရှိသည်။စစ်တပ်အတွက် အသုံးစရိတ်နှင့် ရန်ပုံငွေ ရှာဖွေပေးနေရသည့် ဦးပိုင်လီမိတက်သည် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်အပြိုင် စက်သုံးဆီရောင်းချရေး လုပ်ငန်း၊ ပင်လယ်ကူးသင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်း၊ ကုန်တိုက်နှင့် အရောင်းဆိုင်လုပ်ငန်း၊ ရွှေသတ္ထုနှင့် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း အပါအ၀င် စီးပွားရေးအရ အဓိကကျသည့် လုပ်ငန်းကြီးများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ လွှဲပြောင်း ရယူနေကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနက လေလံပစ်ထားသည့် စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ဆိုင်အနက် ထက်ဝက်ကျော်ကို ဦးပိုင်က လွှဲပြောင်း ရယူကာ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များနှင့် ယှဉ်ပြိုင် ရောင်းချမည်ဖြစ်ကြောင်း ဦးပိုင်နှင့် နီးစပ်သော အသိုင်းအ၀န်းက ဆိုသည်။

“ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေက အဓိကအချက်အချာကျတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေကို ဦးပိုင်က လွှဲယူမယ်။ ပုဂ္ဂလိကဆိုင်တွေလိုပဲ ဦးပိုင်ကလည်း ဒီဇယ်သွင်းမယ်၊ ရောင်းမယ်” ဟု ဦးပိုင်နှင့် ပုံမှန် ဆက်ဆံနေရသည့် အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူး တဦးက ပြောသည်။

ဦးပိုင်အနေနှင့် ပင်လယ်ကူး သင်္ဘောလိုင်း တလိုင်းကို တည်ထောင်ထားပြီး တရုတ်နိုင်ငံမှ ကွန်တိန်နာတင် သင်္ဘောများ မှာယူထားကြောင်း၊ မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်းမှ သင်္ဘောတချို့နှင့် သင်္ဘောသား ၀န်ထမ်းများကိုလည်း ရယူထားကြောင်း သိရသည်။

ဦးပိုင်လီမိတက်ပိုင် သင်္ဘောလိုင်းအတွက် ကွန်တိန်နာ အလုံး ၅၀၀ သယ်ဆောင်နိုင်သည့် DELPPNI ALPHA အမည်ရှိ သင်္ဘောကို တရုတ်နိုင်ငံတွင် ပထမဆုံး တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ရန်ကုန် Asia World ဆိပ်ကမ်းသို့ ရောက်ရှိကာ တရားဝင် အခမ်းအနားဖြင့် လွှဲပြောင်းရယူခဲ့သည်။

မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှ သင်္ဘောတချို့ကိုလည်း ဦးပိုင်က လွှဲပြောင်းရယူရန် ညှိနှိုင်းနေရုံမက အဆိုပါလုပ်ငန်းမှ သင်္ဘောသား များအနေနှင့် ဦးပိုင် သင်္ဘောများတွင် အလုပ်လုပ်လို ကြကြောင်းလည်း သိရသည်။

ဦးပိုင်သင်္ဘောလိုင်း၏ သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းအဖြစ် ပို့ဆောင်ရေးဝန်ကြီးဌာနက လေလံပစ်သည့် ဆိပ်ကမ်း ၅ ခု အနက် အသင့်အသုံးပြုနိုင်သော ဆိပ်ကမ်းကြီးတခုကို ရယူမည်ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဦးပိုင် လီမိတက်သည် မြန်မာနိုင်ငံတ၀န်း အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများ တိုးချဲ့ရန်နှင့် အငှားကား လုပ်ငန်းများ အတွက် ကားစီးရေ ရာပေါင်းများစွာ တင်သွင်းရန် စီစဉ်နေသည်ဟု မဟာဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ အရာရှိတဦးက ပြောသည်။

မဟာဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီသည် ဦးပိုင်လီမိတက် လက်အောက်မှ လုပ်ငန်းတခုဖြစ်ပြီး ရန်ကုန်တွင် ပါရမီ၊ အဓိပတိ အမည်များဖြင့် ခရီးသည်တင် ယာဉ်လိုင်းနှင့် အငှားကားများ ပြေးဆွဲနေပြီး ရွှေမန်းသူ၊ ရွှေမြိုင်သူ၊ ရှမ်းမလေး၊ ပုသိမ်သူ အမည် များဖြင့် အဝေးပြေးယာဉ်လိုင်း ၁၄ လိုင်းတည်ထောင်ကာ မြန်မာနိုင်ငံအနှံ့အပြားတွင် အဝေးပြေးခရီးသည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည်။

ခရီးသည်တင် ယာဉ်လိုင်းများအတွက် ကားများတင်သွင်းရုံမက ဇိမ်ခံ ကားများ တင်သွင်းရောင်းချသည့် လုပ်ငန်းကိုလည်း ဦးပိုင်လီမိတက်က လုပ်ဆောင်လျက်ရှိသည်။

စက်မှု ကုန်ထုတ်ပစ္စည်း လုပ်ငန်းတွင်လည်း မြ၀တီထရေးဒင်း ၊ 547 ထရေးဒင်း အမည်များဖြင့် လုပ်ငန်းခွဲများ ထူထောင်ကာ
ဦးပိုင်လီမိတက်ပိုင် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော ကုန်ထုတ် ပစ္စည်းများကို ရောင်းချလျက်ရှိကြောင်း ဦးပိုင်သတင်းရပ်ကွက်မှ
သိရှိရသည်။

ရန်ကုန်မြို့ရှိ အစိုးရ၀န်ကြီးဌာနပိုင် မြေနေရာများနှင့် အဆောက်အအုံ များကိုလည်း ဦးပိုင်က လွှဲပြောင်းရယူထားပြီး ကုန်တိုက်ကြီးများ ဆောက်လုပ်ရောင်းချရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန် စီးပွားရေး သမားများက ပြောဆိုနေသည်။

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်တွင် ဦးပိုင်လီမိတက်က ခေတ်မီ Hyper Market ကုန်တိုက်ကြီးတခု တည်ဆောက်မည်ဖြစ်ပြီး အဆိုပါကုန်တိုက်ကြီးတွင် ကားအရောင်း စင်တာများပါ ပါဝင်မည်ဟု သိရသည်။

ဦးပိုင်လီမိတက်ပိုင် မြ၀တီဘဏ်သည် ရန်ကုန်မြို့ရှိ ဗဟိုဘဏ်နေရာကို ၎င်းရုံးချုပ်အဖြစ် သိမ်းယူဖွင့်လှစ်မည့်အပြင် ယခု ဘဏ်ခွဲပေါင်း ၇ ခုရှိနေရာမှ နိုင်ငံတ၀န်းတွင် ဘဏ်ခွဲများ ဆက်တိုက်တိုးချဲ့ဖွင့်ရန် ပြင်ဆင်နေပြီဟု သတင်းရရှိသည်။

လက်ရှိတွင် မြ၀တီဘဏ်သည် ဘုရင့်နောင်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ မုံရွာဘဏ်ခွဲ၊ နေပြည်တော်ပျဉ်းမနား ဘဏ်ခွဲ၊ ဖားကန့်ဘဏ်ခွဲ၊ တောင်ကြီးဘဏ်ခွဲ၊ ပုသိမ် ဘဏ်ခွဲများအ ဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရွှေတူးဖော်ရေး လုပ်ငန်းနှင့် ကျောက်မျက် ရတနာ တူးဖော်ရေး လုပ်ငန်းများတွင်လည်း ဦးပိုင်လီမိတက်က ရွှေနှင့် ကျောက်မျက် လုပ်ကွက်များကို ပုဂ္ဂလိကသို့ ပြန်လည်ငှားရမ်းချထားပေးခြင်းနှင့် အကျိုးတူ ပူးပေါင်းတူးဖော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်သူပိုင်စီးပွားရေး လုပ်ငန်းများကို ဦးပိုင်က အများစု လုပ်ခွင့်ရရှိခြင်းနှင့် ပတ်သက်၍ ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက “စစ်တပ်ကတော့ သူရဲ့ ဝေစုအဖြစ် ပြည်သူပိုင် စီးပွားရေးလုပ်ငန်းတွေကို အမွေခွဲတာပဲ။ ဘယ် အစိုးရတက်တက် စစ်တပ် မိသားစု၊ ဆွေမျိုး အသိုင်းအ၀န်းတွေအတွက် ကိုယ်ပိုင်ဝင်ငွေရသွားမယ်” ဟု မှတ်ချက်ချသည်။

ရန်ကုန် စီးပွားရေးတက္ကသိုလ် ဘောဂဗေဒ ကထိက တဦးကမူ စစ်အာဏာရှင်တိုင်းသည် ၎င်းတို့၏ မိသားစု ဆွေမျိုး အသိုင်းအဝန်းများအတွက် စီးပွားရေးအုပ်စုများ ဖွဲ့စည်းကာ စီးပွားရှာလေ့ရှိကြောင်း ပြောသည်။

“စစ်အာဏာရှင်တိုင်းက ဦးပိုင်လီမိတက်လို ကုမ္ပဏီကြီးတွေဖွဲ့၊ စီးပွားရှာကြတာ ထုံးစံလိုပဲ။ အနီးဆုံး ဥပမာ ပြောရရင် အင်ဒိုနီးရှား စစ်အာဏာရှင် လက်ထက်မှာ စစ်တပ် ကျောထောက်နောက်ခံပြု ကုမ္ပဏီကြီးတွေ ဖွဲ့ပြီး စီးပွားရှာခဲ့တာရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကလည်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်ကဲ့သို့ပင် စီးပွားရေး လုပ်ငန်းကြီးများ လုပ်ကိုင်ရုံမက လုပ်ငန်းများ ထပ်မံတိုးချဲ့လျက်ရှိ သည်ဟု နေပြည်တော် စစ်အရာရှိ အသိုင်းအ၀န်းမှ သတင်းရရှိသည်။

(ဧရာဝတီ)

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

Sunday, March 7, 2010

ရန်ကုန်ကွန်ပျုတာတက္ကသိုလ်သွား တောလား

08/03/2010
ကျွန်တော်တို့ ကျောင်းမှာလုံးဝအဓိပ္ပါယ်မရှိတဲ့စည်းမျဉ်းစည်းကမ်းတွေထုတ်နေတာအခုထုတ်တဲ့စည်းကမ်း
ကလည်းတစ်ခုအပါအ၀င်ပါပဲ သေချာစဉ်းစားကြည့်ဗျာ တက္ကသိုလ်ပဲရောက်နေပြီ ဟိုမသွားရဘူး
ဒီနေရာမသွားရဘူးဆိုတာဖြစ်သင့်လားဗျာ အခုကြတော့ ဘူတာရုံတောင်မသွားရဘူးတဲ့
ဆိုင်းဘုတ်ကြီးနဲ့  ကျောင်းသားတွေမှာနေစရာနေရာကိုမရှိတော့ဘူး နောက်ပြီး ကျောင်းမှာက
စာသငိခန်းအပြင်ထွက်နေရင်တောင်လိုက်ဖမ်းတယ်ဗျာ နောက်ပြီးကိုယ်ဖာသာကိုယ်
ဘောလုံးကန်လဲလိုက်ဖမ်းတယ်ဗျာ ကျွန်တော်တို့ မှာနေရထိုင်ရတာကျဉ်းကြပ်လိုက်တာ
နောက်ပြီးဆံပင်အရှည်မထားရဘူး မဆိုးရဘူး အနွေးထည်မ၀တ်ရဘူး ကဲဘာကျန်သေးလဲဗျာ
နောက်ပြီးကျွန်တော်တို့ ကြတော့နောက်ကျရင်တော်ဝင်လမ်းမအရှည်ကြီးကိုလမ်းလျောက်ဝင်ရတယ်
အဲပါချုပ်နောက်ကျရင်တော့ဖင်ကောက်ကားလေးအဖွေးသားနဲ့ ကော့ကော့ဝင်သွားပါတယ

ဟောဒီလမ်းအရှည်ကြီးကိုဝင်ရတာ
နွေရာသီဆိုလည်းအဆင်မပြေမိုးရာသီဆိုလည်းတိုင်ပတ်နဲ့  နောက်ပြီးအန္ထ္တရာယ်တောင်ရှိသေး
အန္တရာယ်ဆိုတာကဒီလိုပါ အဲဒီလမ်းမှာမိုးတွင်းဆိုရေလျံလို့ လားမသိ မြွေတွေပါရောက်လာတယ်
အဲဒီတောင်တော်ဝင်လမ်းမအထိကိုနော် တစ်ခါတစ်လေပါ နောက်ပြီးမြွေကအကြီးကြီးဆိုတော်သေး
ရှောင်လို့ ရှားလို့ ရသေးတယ် အခုဟာက သေးသေးလေးတွေ မတွေ့ ပဲနင်းလိုက်လို့  ရတော့ပြီးသွားပြီ
ဟိုအရင်တုံးက GTC မှာမြွေကိုက်တုံးကတောင်ဘာလုပ်ပေးနိုင်တုံး ဆရာဝန်တွေဘောလီဘောပုတ်လို
့ကျောင်းသူလေးခဗျာသေရှာတာပဲ နောက်ပြီးဆေးရုံကိုသွားမယ်ဆိုလဲခရီးလမ်းကအဝေးကြီး နောက်ပြီ
အဲင်္ဒီတော်ဝင်လမ်းထဲကို bus ကားတောင်ပေးဝင်တာမဟုတ်ဘူး ပေးဝင်ရင်နည်းနည်းပါးပါး ကျောင်းထိပ်
်အထိတွယ်စီးလို့ ရသေးတယ် bus ကားကလည်းပေးမ၀င်ဆိုတော့ကာ ဖြတ်လျောက်ရုံပဲရှိတော့တယ်
နောက်ပြီးကျောင်းထဲကိုဝင်ပြီးရင်အရင်လိုမိန့် မိန့် ကြီးပြန်ထွက်လို့ မရဘူး ပေးမထွက်ဘူးဗျာ ကျွန်တော်တို့ 
တောလမ်းကနေဖြတ်ရတယ် ဒီမိန်းလမ်းမကြီးတောင် မြွေပါးကင်းပါနဲ့ ဆိုတော့ အဲဒီချုံပုတ်တွေ
ထဲဆိုပြောမနေပါနဲ့ ဗျာ နောက်ပြီမိုးတွင်းဆိုကျွတ်ကလည်းတွယ်သေး (လေထိုးတဲ့ကျွတ်မဟုတ်ဘူးနော်)
ကျွန်တော်တို့ ကျောင်းကိုရန်ကုန်ကွန်ပျုတာတက္ကသိုလ်အစား ရန်ကုန်ကွန်ပျုတာစာရိတ္တပြုပြင်ရေးကျောင်း
လို့ သာအမည်ပေးဖို့ ကောင်းတယ်

ပေးပို့သူဝိုင်းတော်သားများကိုကျေးဇူးအထူးတင်ရှိပါကြောင်း

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

ရန်ကုန်မင်္ဂလာတောင်ညွန်မြို့နယ်မှာရှိတဲ့မင်္ဂလာဈေးကို ရွာသာကြီးသို့ပြောင်းရမယ့်သတင်း

07/03/2010
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်မှာရှိတဲ့ မင်္ဂလာဈေးကြီးကို ရန်ကုန်မြို့တော်ဝန်ကပြီးခဲ့တဲ့ အပတ်က
လာရောက်စစ်ဆေးကြည့်ရှု့သွားခဲ့ပါတယ်၊ မကြာခင်မှာ ရွာသာကြီးကိုပြောင်းရမယ့် ဈေးတွေထဲမှာ ဒီဈေးလဲ
ပါတယ်ဟု ပြောလိုက်တာကို ဈေးမိဈေးဖများကအမှတ်မထင်ကြားလိုက်ပါတယ်၊ အပြောင်းအရွေ့သတင်းကို
တရားဝင်မထုတ်ပြန်ပါဘူး၊အဲဒီတရားဝင်ဟုတ် မဟုတ်မသိသေးတဲ့ သတင်းကြောင့် ဈေးသူဈေးသားတွေ
အားလုံးမှာ စိတ်သောက တွေဖြစ်နေရကြောင်းကို ကိုယ်တိုင်မင်္ဂလာဈေးမှာ ဆိုင်ဖွင့်ရောင်းနေတဲ့တဦးက
သူကိုယ်တိုင်လဲ ဒီသတင်းကို ကြားခဲ့ရကြောင်းကို ပြောပြသွားတာဖြစ်ပါတယ်၊အကယ်၍သာ မင်္ဂလာဈေးကြီးကို
ရွာသာကြီးကို ပြောင်းရွေ့ခံရမယ်ဆိုရင်တော့ ၀ယ်သူတွေမရှိသလို့ ရောင်းသူတွေ အတွက်လဲ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ကြောင်းပြောပြသွားပါတယ်။

ပေးပို့သူ(ရန်ကုန်) ၀ိုင်းတော်သားများကိုကျေးဇူးအထူးတင်ရှိပါတယ်။

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

Saturday, March 6, 2010

“ အလုပ်သမားတော်လှန်ရေးမှသည်လူထုအရေးတော်ပုံသို့ ……။”

07/03/2010
ဓာတ်ပုံဧရာဝတီ
တရွေ့ရွေ့ပြောင်းလဲခြင်းများစုစည်းရာမှ တဟုန်ထိုးပြောင်းလဲခြင်းဖြစ်စေ၏……. ။ ဒါဆိုရင် တစ်နေရာပြီးတစ်နေရာ ဆက်တိုက်ဖြစ်လာနေတဲ့ အလုပ်သမားဆန္ဒပြပွဲတွေကနေ ရန်ကုန် တစ်မြို့လုံးနေရာစုံ လုပ်ငန်းစုံက အလုပ်သမားတွေရဲ့ဆန္ဒပြပွဲတွေ ဆက်ဖြစ်မလာနိုင်ဘူးလား။ တစ်နိုင်ငံလုံးက အလုပ်သမားတွေရဲ့ဆန္ဒပြပွဲတွေ ဆက်ဖြစ်မလာနိုင်ဘူးလား။ အလုပ်သမား တွေသာမက ၊ လယ်သမားတွေ ၊ ၀န်ထမ်းတွေ ၊ ငတ်မွတ်နေတဲ့ပြည်သူတွေ ၊ ကျောင်းသားတွေ ၊ ရဟန်းသံဃာတွေ ၊ ရဲတွေ ၊ တပ်မတော်သားတွေ ပါဝင်တဲ့ အလွှာစုံ လူထုအုံကြွမှု အရေးတော်ပုံကြီး ဆက်ဖြစ်မလာနိုင်ဘူးလား ။

ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးနဲ့ ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံတွေဟာလဲ ဒီလိုဆင့်ကဲဖြစ်စဉ်တွေပေါင်းစည်းပြီး ဖြစ်ခဲ့တာပါ ။ ၁၉၇၄-၇၅ အလုပ်သမားသပိတ်အပါအ၀င် ၊ စစ်အာဏာရှင်စနစ်စတင်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ ၂၆နှစ်လုံးလုံးဖြစ်လာတဲ့ ကျောင်းသားတိုက်ပွဲတွေပေါင်းစည်းပြီး ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့သလို ၁၉၈၈ နောက်တစ်ကြိမ်အာဏာသိမ်းအပြီးကနေ တရွေ့ရွေ့ဖြစ်လာတဲ့အခြေအနေတွေက သံဃာတော်တွေဦးဆောင်တဲ့ ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံကြီးဖြစ်စေခဲ့တာပါပဲ ။

ခု ၂၀၁၀ ထဲမှာတင် လှိုင်သာယာမြို့နယ်က အိုပယ်အထည်ချုပ်စက်ရုံ ၊ ကျားမင်း အထည်ချုပ်စက်ရုံ ၊ တိုင်ယီ အထည်ချုပ်စက်ရုံ ၊ မြဖက်ရှင်အထည်ချုပ်စက်ရုံ ၊ ပုဇွန်အအေးခန်းစက်ရုံ ၊ ဖိနပ်ချုပ်စက်ရုံ ၊ Weng Hong Hung အထည်ချုပ်စက်ရုံ ၊ အင်းစိန်မြို့နယ်က Sky အထည်ချုပ်စက်ရုံ ၊ Lion City အထည်ချုပ်စက်ရုံ ၊ တောင်ဒဂုံ စက်မှုဇုန်က ပြုံးပန်းတစ်ရာ အထည်ချုပ်စက်ရုံ ၊ ရွှေပြည်သာမြို့နယ်က Super Garment စက်ရုံ ၊ Grand Royal ၀ီစကီစက်ရုံ ၊ Yes2 စက်ရုံ ၊ Good Family စက်ရုံ ၊ ၊ UIB အထည်ချုပ် စက်ရုံ ၊ အာရှသမာဓိ အထည်ချုပ်စက်ရုံ ၊ မင်္ဂလာဒုံမြို့နယ်က ဖာမိုတို အထည်ချုပ်စက်ရုံ ၊ စုစုပေါင်း စက်ရုံ ( ၂၀ ) ခန့်ကအလုပ်သမားတွေဟာ သူတို့ရဲ့မလောက်ငှမှုတွေအတွက် ဆန္ဒပြခဲ့ကြပါပြီ ၊ စစ်အစိုးရကတော့ အခု အလုပ်သမားတွေရဲ့ဆန္ဒပြမှုတွေဟာ လစာနည်းလို့ အလုပ်ရှင်ကိုဆန္ဒပြနေကြတယ်ဆိုတာထက် သူတို့ရဲ့အုပ်ချုပ်မှုအလွဲတွေကြောင့် စီပွားရေး မတည်ငြိမ်မှုတွေကနေ တစစကြီးမြင့်လာတဲ့ကုန်ဈေးနှုန်းတွေကြောင့် ပေါက်ကွဲဘို့ တာစူနေကြတာဖြစ်တယ်ဆိုတာ သိနေပါတယ် ၊ ဆန္ဒပြအလုပ်သမားတွေ စက်ရုံဝန်းတွေ

ထဲကနေ လမ်းမတွေ ပေါ်ကိုထွက်လာမှာ ၊ အလုပ်ရှင်တွေကိုဆန္ဒပြနေရာကနေ တကယ့်တရားခံအစစ်ဖြစ်တဲ့ သူတို့ဆီဦးလှည့်လာမှာ စိုးရိမ်မကင်းဖြစ်နေတာသေချာပါတယ် ၊ စစ်ကားလုံထိန်းကားတွေအစီအရီနဲ့ဆန္ဒပြစက်ရုံတွေဝန်းကျင်မှာအင်အားပြခြိမ်းခြောက်ထားပုံဟာ အလုပ်သမားထု တော်လှန်ရေးအဖြစ် ကူးပြောင်းသွားမှာ စိုးရိမ်နေကြောင်း ၊ လူထုအရေးတော်ပုံကြီးရဲ့အစ ဖြစ်လာမှာစိုးရိမ်နေကြောင်း ပြနေတာပါ ။

စစ်အာဏာရှင်တွေ တော်တော်လေး ဘေးကျပ်နံကျပ်ဖြစ်နေပါပြီ ၊ တဘက်သတ်ချုပ်ကိုင်ထား တဲ့ အာဏာကိုအသက်ဆက်ဘို့ ရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်တစ်ခုကို ဖန်တီးခဲ့ပေမဲ့ အဲဒီ ခေါင်းစဉ်အတိုင်းတောင် သူ့ဇတ်သူ နိုင်အောင်မကနိုင်ပါဘူး ၊ အခြေခံနိုင်ငံရေးရိုးသားမှုမရှိ တာကြောင့် ဗမာပြည်ရဲ့အဓိကဖြစ်တဲ့ တိုင်းရင်းသားကိစ္စမှာ တိုင်းရင်းသားအားလုံးကိုမဆို ထားနဲ့ အပစ်ရပ်(ငြိမ်း)အဖွဲ့တွေကိုတောင် ရအောင်မစည်းရုံးနိုင်ပါဘူး ၊ မက်လုံးတွေပေးလိုက် ခြိမ်းခြောက်လိုက်နဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ချင်းလိုက်တွေ့ ၊ တိုင်းရင်းသားဒေ သတွေမှာတပ်တွေချ ၊ အရွယ်မရောက်သေးတဲ့ကလေးတွေကို နည်းမျိုးစုံနဲ့တပ်ထဲသွင်း စစ်သားစု လုပ်နေရပါတယ် ၊ အချိန်မရွေး တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မကင်း ဖြစ်နေရမှုဟာ စစ်ဗိုလ်ချုပ်တွေ ခေါင်းမအေးရတဲ့ ပြဿနာကြီးတစ်ခုပါ ။

နောက်တစ်ခုက NLD , ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူလူထု တွေပါ ၊ NLD က ထိထိရောက် ရောက် မလုပ်နိုင်သေးပါဘူးဆိုပေမဲ့ ၊ ကမ္ဘာသိ ပြည်သူကရွေးချယ်ထား တဲ့ပါတီ ဆိုတာကိုက စစ် ဗိုလ်ချုပ်တွေအတွက် ပြဿနာကြီးတစ်ခုပါ ၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဆန္ဒပြုခဲ့တဲ့ပြည်သူတွေ မေ့ပျောက်အောင် တကယ်တမ်းမစွမ်းဆောင်နိုင်သေးပါဘူး ၊ ၂၀၀၈ မေလ ၊ ဖွဲ့စည်းပုံ ဥပဒေဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒအမှန်မဟုတ်ဘူးဆိုတာ သူတို့ကိုယ်တိုင်သိနေတာပါ ။ NLD က သူတို့ခင်းတဲ့လမ်းကိုမလျှောက်ခဲ့ရင် ဘာလုပ်မလဲ၊ နိုင်ငံတကာဖိအားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဘယ်လိုကိုင်တွယ်မလဲ ၊ ခေါင်းခဲနေရတဲ့အခြေအနေပါ ၊ (ခု ဦးတင်ဦး ၊ ဦးဝင်းတင်တို့ကိုတောင် လွှတ်မပေးချင်ပဲ လွှတ်ပေးလာရပါပြီ) ။

သူတို့ အဓိကပြင်နေတာက ရွေးကောက်ပွဲဆိုတဲ့ပြယုတ်တခုထဲမဟုတ်ပါဘူး ၊ စစ်အာဏာ ဖြန့်ကျက်နိုင်ရေးပါ ၊ စစ်ဗိုလ်တမတ်သားလွှတ်တော်ထဲပါရေး သူတို့စိတ်မ၀င်စားပါဘူး၊ စစ်တပ်က အားလုံးချုပ်ကိုင်ထားနိုင်ရေးပဲစဉ်းစားတာပါ ၊ ပညာရေး ၊ ကျန်းမာရေး ၊ စိုက်ပျိုးရေး ၊ ပို့ဆောင်ရေး ၊ လျှပ်စစ်စွမ်းအား စတဲ့ စစ်တပ်နဲ့ ဘာမှမဆိုင်တဲ့ဌာနတိုင်းမှာ ၊ အောက်ခြေအဆင့်အုပ်ချုပ်သူကအစ ဗိုလ်ကြီးတွေ ၊ ဗိုလ်မှုးတွေကို ယူနီဖေါင်းချွတ် နေရာချ ထားတာကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်ဆိုတာထက်ပိုတဲ့ လွှမ်းမိုးမှုရဘို့ ပြင်နေတာ သိနိုင်ပါတယ် ၊ အဲဒီမှာ ဘယ်သူ့တပည့်တွေကို ဘယ်ဌာနတွေမှာထားမလဲ ၊ ဘယ်ဗိုလ်ချုပ်တွေယူနီဖေါင်းချွတ်မလဲ ၊ နေရာခွဲဝေမှုပြဿနာရှိလာပြန်ပါတယ် ၊ အထက်

အောက်ကွာဟမှုကြီးမားပြီး အုပ်စုလိုက်ရော ၊ တစ်ဦးချင်းပါ အကျိုးစီးပွားအားပြိုင်နေကြတဲ့ စစ်ဗိုလ်ချုပ်တွေ ၊ ဒီပြဿနာညှိမပြီးသေးပါဘူး ၊ နိုင်နိုင်နင်းနင်း(ကိုယ့်ကုလားဖန်ကိုယ်ထိုး ကိုယ့်ဖဲကိုယ်ချိုး)လုပ်နိုင်မယ်ထင်ခဲ့လို့ ၂၀၀၈ မတိုင်ခင်ထဲကကြေငြာထားခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို ခုထိ ဘယ်နေ့ဘယ်လိုလုပ်မယ် မကြေငြာနိုင်သေးပါဘူး ။

စစ်အုပ်စုအဆိုးဆုံးရင်ဆိုင်ရမဲ့ ၊ (ရင်ဆိုင်နေရတဲ့) ၊ ပြဿနာက လူထုစားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းမပေးနိုင်တဲ့ကိစ္စပါ ၊ တပ်တွင်းကပဲပုန်ကန်မလား ၊ ၀န်ထမ်းတွေပဲ ထကြွမလား ၊ ပူပန်ရင်း လစာတိုးပေးတဲ့နည်းလမ်းနဲ့ဖြေရှင်းခဲ့တာလည်း အကြိမ်ကြိမ်ရှိခဲ့ပါပြီ ၊ အာဏာလက်ဝယ်ရှိသူမို့ ၅၀၀၀တန်လိုငွေစက္ကူတွေရိုက်ထုတ်နိုင်တာကြောင့်နဲ့ ၊ နိုင်ငံ့ဘဏ္ဍာ ကိုထင်တိုင်းကြဲသုံးနိုင်တာ ကြောင့် ၀န်ထမ်းတွေကို လစာတိုးပေးနိုင်ပေမဲ့ ၊ ကုမ္ပဏီတွေ ၊ လုပ်ငန်းရှင်တွေက လိုက်မတိုးပေးနိုင်ပါဘူး ၊ ကုမ္ပဏီအလုပ်သမားတွေ နဲ့ တနေ့လုပ်တနေ့စား လုပ်သားတွေဟာ ၀င်ငွေတိုးမရကြပါဘူး ၊ စစ်အုပ်စုရဲ့ဖြေရှင်းမှုအမှားနောက်က ကပ်ပါလာတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒါဏ်ကိုတော့ အလူးအလဲ ခံကြရပါတယ် ၊ ၀န်ထမ်းတွေကရော ၊ လစာ တိုးရလို့ အဆင်ပြေချောင်လည်သွားပါပြီတဲ့လား ၊ တနေ့လုပ်တနေ့စားတွေလောက် ၊ စက်ရုံလုပ်သားတွေလောက် ၊ မဆိုးတာပဲရှိပါတယ် ၊ နှစ်သိမ့်ခံလိုက်ရတာသက်သက်ပါပဲ ။ တစ်လ သုံးလေးသောင်းဆိုတဲ့ဝင်ငွေဟာ လူတစ်ယောက် စားဘို့တောင်လောက်တယ်ဆိုရုံပါ၊ အ၀တ်အစားနဲ့ ဗာဟီရလူ့အသုံးအဆောင်တွေ မ၀ယ်နိုင်ပါဘူး ၊ ကျန်းမာရေးချို့တဲ့ရင် ဆေးကုဘို့ မတတ်နိုင်ပါဘူး ၊ လူတစ်ဦးချင်းအတွက်တောင်လောက်ငှမှုမရှိတာ မိသားစုဘ၀ တွေ ဘယ်လိုတည်ဆောက်ကြပါ့မလဲ ။ ခေါင်းဆောင်မှုချို့တဲ့ ၊ နှိုးဆော်သူချို့တဲ့နဲ့ မချိတင်ကဲခံနေခဲ့ရတဲ့ လူထုကြီးထဲက အငတ်မွတ်ဆုံးအလုပ်သမားတွေရဲ့ ၊ အခြေအနေနဲ့ ကိုက်ညီတဲ့ လှုပ်ရှားမှု ၊ ဆန္ဒပြမှုတွေကတော့ တစစ ကြီးထွားလာနေပါပြီ ၊ လစာနည်းတာလား ၊ မလောက်ငှတာလား ၊ ကွဲပြားပြီး စက်ရုံတစ်ရုံခြင်းကနေ စက်ရုံတွေ အားလုံးပေါင်းစည်းပြီး ၊ အလုပ်သမားတွေပေါင်းစည်းပြီး ၊ လမ်းပေါ်ထွက်လာဘို့ တာစူနေပါပြီ၊ အလုပ်ရှင်တွေဆီကနေ အလုပ်သမားအခွင့်အရေးတောင်းဆိုမှုထက် ၊ အာဏာရှင်တွေဆီက လူ့အခွင့်အရေးတွေတောင်းဆိုဘို့ ၊ လူထုတစ်ရပ်လုံးအုံကြွပါဝင်ဘို့ လမ်းစဖြစ်လာပါပြီ ။

ရှေးက နယ်ချဲ့ဆန့်ကျင်ရေးခေတ်မှာ အင်္ဂလိပ်အခက် ဗမာအချက် ဆိုတဲ့ဆောင်ပုဒ်နဲ့ တိုက်ပွဲ ၀င်တွန်းလှန်ခဲ့ကြတယ် ၊ ခုလဲ စစ်အုပ်စုအခက် လူထုအချက်လို့ ကြွေးကြော်တိုက်ပွဲဝင်ရမဲ့ အချိန်ရောက်နေပါပြီ ၊ စက်ရုံအလုပ်ရုံအလုပ်သမားတွေရဲ့ဆန္ဒပြပွဲမှာ အားဖြည့်ပါဝင်ရင်း အလုပ်သမားတော်လှန်ရေးမှသည် လူထု အရေးတော်ပုံသို့ ဦးတည်ချီတက်ကြပါစို့ ။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ။

ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အောင်ရမည် ။

ယုံကြည်ချက်ဖြင့်

ရဲဘော် ဗိုလ်သူ

ပေးပို့သူhttp://www.demowaiyan.co.cc/ကိုကျေးဇူးအထူးတင်ရှိပါကြောင်း

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

မန္တလေးသား စစ်စစ်ကြီးပါဗျာ - တစ်ခန်းရပ်ပြဇာတ်

07/03/2010

Real Mandalay Thar from chanmyasoe on Vimeo.


မန္တလေး နှစ် (၁၅ဝ) ပြည့်ပွဲတော် အထိမ်းအမှတ်အဖြစ် မန္တလေးအမျိုးသားကဇာတ်ရုံတွင် တင်ဆက်ခဲ့သော တစ်ခန်းရပ်ပြဇာတ်တစ်ခုပါ။ ဝါရင့်အနုပညာရှင်ကြီးများ ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ဟာသရသမြောက်တဲ့အပြင် လက်ရှိခေတ်မှာ ဖြစ်ပျက်နေတာလေးတွေကိုပါ တိုက်ရိုက် ထင်ဟပ်နေတာတွေ့ရပါတယ်။ မန္တလေးသူ၊ မန္တလေးသားတွေ (သို့) အထာသိတဲ့ လူတွေဆိုရင်တော့ ဒီပြဇာတ်လေးက ပိုပြီးရီရမယ်ဗျ။ သြော် ... မန်းစလေးလား ... မန္တလေးလား

မှတ်ချက်။http://cmsmdy.blogspot.com/မှကူးယူဖေါ်ပြသည်

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

အင်းတော်ကြီးဘေးမဲ့တောအတွင်း ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ချက် ထုတ်ပြန်

06/03/2010
ဓာတ်ပုံGoogle

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်းရှိ မိုင်းနောင်၊နန်းပဒဲ၊နန်မီးလောင်၊ညောင်ပင်၊လွဲမွန် စသည့် အင်းပတ်လည်ဒေသများတွင် သဘာဝရွှေထွက်ရှိနေမှုအရ ရွှေတူးဖော်ရေးလုပ်ငန်းအများအပြား လုပ်ကိုင် လျက်ရှိရာ ပတ်ဝန်းကျင်ထိခိုက်ယို့ယွင်းလာမှုကြောင့်
အင်းတော်ကြီးဘေးမဲ့တောအတွင်း ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ချက် ထုတ်ပြန် ထား ကြောင်း သိရှိရသည်။ ဆက်လက်လုပ်ကိုင် ပါက ၀န်းကျင်နှင့်သားငှက်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။''ရွှေအမှုံကောက်ဈေးက မိုင်းနောင်မှာ ငါးသိန်းသုံးသောင်းခွဲနဲ့ကောက်ကြတယ်။ကျန်တဲ့နေရာတွေကထွက်တဲ့ ရွှေဆိုရင်တော့ အရည်အသွေးပေါ်မူတည်ပြီး ကောက်ပါတယ်။ဈေးနှုန်းက မိုင်းနောင်ကထွက်တဲ့ရွှေနဲ့ဆိုရင် နှစ်သောင်း ကျော်ဝန်းကျင် ကွာသွားတာပေါ့။ပေါက်ဈေးက မန္တလေးရွှေဈေးပေါ်မူတည်ကောက်တာမို့ ကျင်းသားတွေက ဈေးကောင်းတဲ့ အချိန်လောက်မှပဲ ထုတ်ရောင်းကြတာများတယ်''ဟု မိုင်းနောင်ရွာရှိရွှေပန်းတိမ်ဆိုင်ရှင်တစ်ဦးက ပြောပါသည်။

''အင်းတော်ကြီး ဘေးမဲ့တောဝန်းကျင်က ရွှေထွက်တဲ့နေရာ များတဲ့အတွက်ကြောင့် ဒေသခံတွေအနေနဲ့ ရွှေကျင်တာကို အရင်က တစ်ပိုင်တစ်နိုင်လုပ်ကိုင်ခဲ့ကြတယ်။နောက်ပိုင်း ရွှေလုပ်ကွက်ကြီးတွေများလာပြီး စက်တွေ အသုံးပြုလုပ်ကိုင်လာခဲ့တာ။လက်ရှိ မှော်တစ်ခုမှာ အနည်းဆုံး တစ်မတ်သားကနေ ၄၊၅ ကျပ်သား ရပါတယ်။ကျင်းသားတွေက လေးပုံမှာ တစ်ပုံရကြတယ်။တစ်မတ်သားဆိုရင် လုပ်ငန်းပုံမှန်လည်ပတ်နိုင်ပြီလေ။ရွှေဖြူ(ပလက် တီနမ်)လည်း ရွှေနဲ့ရောပြီး ထွက်တယ်ဟု ခေါင်းတုံချောင်းဘေးရှိ ရွှေကျင်လုပ်သားတစ်ဦးက ပြောပြပါသည်။
အင်းတော်ကြီးဘေးမဲ့တောဧရိယာသည် မုဆိုးကြိုးဝိုင်း၊နန့်မွန်းကြိုးဝိုင်း၊အင်းတော်ကြီးကြိုးဝိုင်း၊ မိုင်းနောင် ကြိုးဝိုင်း၊နန်ရင်းခါကြိုးဝိုင်း စသည့် သစ်တောကြိုးဝိုင်း ၅ ခု၊ရေပြင်ဧရိယာ ၁ ခု စုစုပေါင်း ၆ ခုရှိပြီး ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းကြောင်း သိရှိရသည်။

ပေးပို့သူ ကချင်ပြည်နယ် အင်းတော်ကြီးသား ၀ိုင်းတော်သားများကိုကျေးဇူးအထူးတင်ရှိပါတယ်။

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

ကမ္ဘာဆန်ဈေးထိုးကျနေချိန်တွင် ပြည်ပဆန်ပို့ရန် ခွင့်ပြုမှု ဆန်တင်ပို့သူများနှင့် ဆန်စပါးလုပ်ငန်းအသင်းချုပ်အကြား မကျေနပ်ချက်ကြီးထွားလာ

06/03/2010

ကမ္ဘာဆန်ဈေးကွက်တွင် နေ့စဉ်ဆန်ဈေးများ ထိုးကျလျက်ရှိပြီး ၀ယ်လိုအားများ ကျဆင်းနေချိန်တွင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းချုပ်က ဆန်တင်ပို့ရန် တန်ချိန် တစ်သိန်း ခွင့်ပြုလိုက်သဖြင့် ဆန်တင်ပို့သူများနှင့် အသင်းချုပ်အကြား မကျေမလည်မှုများ တိုးလာရကြောင်း ဆန်စပါးတင်ပို့သူများထံမှ စုံစမ်းသိရသည်။
ကမ္ဘာဆန်ပေါက်ဈေးကို ကြည့်ပါ ကျွန်တော်တို့ပို့နေတဲ့ ၂၅ %ဆန်တွေ တစ်နေ့ကို တစ်တန်ပေါက်ဈေး ၁၀ ဒေါ်လာလောက် ဆင်းနေပါတယ်။ လာမယ့် ဧပြီလကျမှ ကျွန်တော်တို့ ဆန်တင်ခွင့် ရမှာပါ။ ဒီနှစ်က ဆန်စပါးအထွက်ကောင်းတဲ့ နိုင်ငံတွေမှာ ရာသီဥတု ပုံမှန်ဖြစ်လို့ ကမ္ဘာဆန်စပါးအထွက်က ပုံမှန်ဖြစ်သွားတာ လဲပါတယ်။ ဒီတော့ ကမ္ဘာဆန်ဈေးတွေ ထိုးကျနေတာပေါ့ဗျာ။ အခု နွေစပါးထွက်တဲ့အချိန်ကျမှ ပို့ရမယ်ဆိုတော့ ဘယ်သူက အရှုံးခံ လုပ်ကြတော့မလဲ။ ကျွန်တော်တို့ဆီမယ် နှစ်တိုင်း ဒီလိုချည်းပဲ ဆန်တင်ပို့လို့ အရှိန်ရပြီဆိုရင် ရပ်လိုက်ကြရော။ ဆန်စီးဆင်းမှုက ပုံမှန်မဟုတ်တော့ရင် ပြည်တွင်းမှာလည်း စပါးအဖွင့်ဈေးက မငြိမ်ဘူး။ ဒီလိုမငြိမ်ရင်တောင်သူက မစိုက်တော့ဘူး။ မစိုက်ရင် အထွက်နည်းမယ်။ အဲဒါ အားလုံး မလောက်မငတွေ ဖြစ်ကုန်မယ်။ ခုဟာက ပြည်တွင်းမှာ နွေစပါးဈေး ကျအောင် လုပ်လိုက်တာနဲ့ အတူတူပဲဗျဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ကျွန်တော်ဆီမှာ တစ်လကို ဆန်တစ်ချိန် တစ်သိန်းလတိုင်းမပို့နိုင်ဘူး။ သိတဲ့အတိုင်း ဆိပ်ကမ်းလုပ်ငန်းတွေ ဆန်စုဆောင်းရတာတွေ အချိန်အရမ်းပေးရတယ်။ ဘယ်မှာလဲ ဆန်အရည်အသွေးထိန်းနိုင်တဲ့ ဂိုထောင်တွေ၊ နည်းစနစ်တွေ ဘယ်မှာလဲ။ ပြီးတော့ ဆန်ပို့ရတဲ့အချိန်က သူများ ဈေးကွက်သိမ်းချိန်ဗျ။ ဘယ်မှာ သွားဈေးရမလဲ။ ပြည်တွင်းစားသုံးမှု လုံလောက်အောင်သာ လူကြီးတွေက လှိမ့်အော်နေတာ။ ဘယ်မလဲ တိုင်းပြည်အတွက် အရေးပေါ်အခြေအနေဖြစ်လာရင် စားသုံးဖို့ အရန်ဆန်။ အဲဒါဘယ်နားသွားသိမ်းမတုန်း။ ပြည်ပပို့တာကို ပုံမှန်လေး လုပ်စမ်းပါ။ အတိုင်းအတာလေး တစ်ခုနဲ့ သွားစမ်းပါစေ။ အဲသလို ဆို ပြည်တွင်းမှာလဲ နွေမိုး စပါးပေါက်ဈေးလေးက တည်ငြိမ်နေမယ်။ ဒါဆိုရင် ပြည်တွင်းစားသုံးမှုရော ပြည်ပတင်ပို့မှုအတွက်ပါ အဆင်မပြေဘူးလား။ ခုတော့ ပို့တော့ပို့တော့ ဆို ခဏနေ သူ့လူတွေ မကိုက်ဘူးဆိုရင် ပိတ်လိုက်ပိတ်လိုက် လုပ်ပြန်ရော အဲသလိုနဲ့ ကမ္ဘာဆန်လောကမှ နံပါတ်တစ်ကနေ ပိတ်ချည်းဖြစ်သွားရတာပဲ။ ဟု ဆန်စပါးသုတေသီတစ်ဦးက သုံးသပ်ပြောကြားသွားသည်။

ပေးပို့သူ( ရန်ကုန်)၀ိုင်တော်သားများကိုကျေးဇူးအထူတင်ရှိပါကြောင်း

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

ရန်ကုန်တွင်ရေးလေးရေးပြန်လည်အခြေချလုပ်ဆောင် သွားမည်

06/03/2010
အစိုးရအဖွဲ့၏ အရေးကြီးသည့် ဌာနကြီးလေးခုဖြစ်သည့် ရေးလေးရေးခေါ် ပြည်ထဲရေး၊ ကုန်သွယ်ရေး (ယခုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး) နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ ၀န်ကြီးဌာနများသည် ရန်ကုန်တွင် ဖွဲ့စည်းပုံအပြည့်ဖြင့် ပြန်လည် နေထိုင်ရမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ကြည်း ကက(ကြည်း) က ယနေ့ ထုတ်ပြန်လိုက်ကြောင်း နေပြည်တော်မှသိရသည်။
ယင်းကဲ့သို့ ဖွဲ့စည်းပုံအပြည့်ဖြင့် ရန်ကုန်မြို့တွင် ပြန်လည်တာဝန်ထမ်းရခြင်း အဓိက ရည်ရွယ်ချက်မှာ နေပြည်တော် (ဗဟိုအစိုးရ)နှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ပါက အစိုးရ၏တာဝန်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးကရှင်းပြခဲ့သည်။
အဓိက အချက်ကတော့ နေပြည်တော်နဲ့ ရန်ကုန်နဲ့က အွန်လိုင်းနဲ့ ဖုန်းကိုပဲ အားကိုးပြီးတော့ ဆက်သွယ်ဆောင်ရွက်နေရပါတယ်။ အကြောင်းကြောင်းကြောင့် နေပြည်တော်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ရင် အစိုးရအဖွဲ့ရဲံလုပ်ငန်းတွေ ရပ်ဆိုင်းမသွားအောင်လို့ပါ။ ဖွဲ့စည်းပုံအပြည့်ဆိုပေမယ့် အပြည့်ပြန်လာမှာ မဟုတ်ပါဘူး။ ဌာနဖွဲ့စည်းပုံအပြည့်ကိုဆိုလိုတာပါ။ အင်အား အပြည့်မဟုတ်ပါဘူး။ အဆိုပါ အရာရှိကြိးက ဖြည့်စွက်ပြောကြားသည်။
ဥပမာ နေပြည်တော်နဲ့ အဆက်အသွယ်မရတော့ပေမယ့် ဆက်လက်ပြီးတော့ သတင်းစာတွေ ရုပ်သံတွေ အစိုးရအဖွဲ့ရဲံ လုပ်ငန်းတွေ ဆက်သွားနေဖို့ပါဟု ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဥိးကဆိုသည်။

့ပေးပို့သူ(ရန်ကုန်သား)

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

Friday, March 5, 2010

အထူးသတိပေးချက်

05/03/2010

ပြည်တွင်းပြည်ပကနေလွင်ပြင်ကြီင်္းဆိုဒ်ကိုအစဉ်အမပြတ်ကြည့်ရှု့အားပေးနေကြသောပရိသတ်ကြီးများကြည့်
ရလွယ်ကူအောင်ဆိုပြီးဘလော့လေးကို ဒိုးမိန်းပြောင်းခဲ့ပါတယ်။ဒါပေမယ့်ပြည်တွင်းကကြည့်မရအောင်ဆိုပြီး
နအဖလက်ကိုင်ဒုက်ဆိုက်ဘာရတနာပုံက အကျင့်ယုတ်မှု့ကြောင့်သတင်းတော့ဖတ်လို့ရပြီးဓာတ်ပုံဗီဒီယို
ကဗျာမမြင်ရဘူးလို့ပြည်တွင်းကပရိသတ်တွေက ဆိုလာကြပါတယ်။ဒါပေမယ့်ခင်ဗျားတို့ဘယ်လောက်ပဲ
ပိတ်ဆို့ပါစေ၊ပြည်သူတွေအပေါ်မှာမတရားအနိုင်ကျင့်သတင်းအမှောင်ချတာကိုတော့ရတဲ့ နည်းလမ်းတွေနဲ့
တိုက်ပွဲဝင်အောင်ပွဲခံနေမှာဖြစ်ပါတယ်။နအဖဘက်တော်သားတွေတကယ်လိုနောက်ဘ၀ရှိတယ်ဆိုတာကို
သိခဲ့ရင်၊ကောင်းမှု၊မကောင်းမှုတွေရဲ့အကျိုးရလဒ်ရှိတယ်ဆိုတာသိခဲ့ရင်၊ကိုယ်ခန္စာပျက်စီးခြင်း၊သေဆုံးခြင်း
နောက်မှာလားရာဘ၀ရှိတယ်ဆိုတာသိခဲ့ရင်ဒီလိုလုပ်ရပ်တွေဆက်လုပ်မှာမဟုတ်တာသေချာပါတယ်။ခင်ဗျား
တို့အမှန်တရားတွေ၊ဘာသာတရားတွေကိုယုံကြည်သည်ဖြစ်စေ၊မယုံကြည်သည်ဖြစ်စေ၊ခင်ဗျားတို့ပြည်သူများ
အပေါ်မှာ အကျင့်ယုတ်မာတာတွေဟာ တနေ့ ၀ဋ္ဋ်လည်မှာကတော့ မလွဲဧကန်ပါပဲဆိုတာ လွင်ပြင်အဖွဲ့သားများကနေ သတိပေးလိုက်ပါတယ်။

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

တရုတ်ပါတီကြီး နဲ့ မြန်မာပါတီကြီး

05/03/2010

မိုးမခတောထဲက သတင်းအပိုင်းအစများ
နေပြည်တော် ကြံ့ဖွံ့ဌာနချုပ်က ဒိုင်ယာလော့

တရုတ်ပါတီကြီး နဲ့ မြန်မာပါတီကြီး
တရုတ်ကွန်မြူနစ်ပါတီက လူကြီးတယောက် ကြံ့ဖွံ့အသင်းနဲ့ မြန်မာပြည်မှာ တွေ့တယ်လို့ ဒီကနေ့ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ ရေးပါတယ်။ တွေ့တော့ ဘာဖြစ်လဲ၊ ဘာတွေ ပြောကြလဲ ဆိုတာတော့ မသိချင်ပါနဲ့ဗျာ။ ထုံးစံအတိုင်း ရေးမထားပါဘူး။ အာဏာရှင်တွေထုတ်တဲ့ သတင်းစာဆိုမှတော့ လူစာရင်းတွေပဲ တွေ့ရမှာပါ။

နိုင်ငံခေါင်းဆောင်များ အလည်အပတ်ခရီးစဉ် သဘောမျိုးမဟုတ်ဘဲ နိုင်ငံရေးပါတီ ၂ ခု တွေ့တဲ့ပုံစံ ဖြစ်နေပါတယ်။ ကြံ့ဖွံ့အသင်းကြီးက အပြည်ပြည်ဆိုင်ရာ ပါတီကြီးများနဲ့ သို့ကလို တွေ့နေတာ ကြာပါပြီ။

နိုင်ငံရေးသမားများ မြန်မာ့အသံသွားကြမလား
မီဒီယာ ရွှေခေတ် ဖြစ်နေပြီ ထင်ပါရဲ့။

နေပြည်တော်မှာ ရှိတဲ့ မြန်မာ့အသံနဲ့တီဗီမှာလည်း လူလိုပါသတဲ့။ ဒီကနေ့ ကြေးမုံ စာမျက်နှာ ၁၁ မှာ ပါပါတယ်။ နိုင်ငံရေးသမား အလုပ်မလျှောက်ရ ဆိုပြီး စည်းကမ်းချက်ထဲ ရေးမထားဘူးခင်ဗျ။ ဘွဲ့ရပြီးသား ဖြစ်ရမယ်၊ ၅ နှစ်ဆက်တိုက် လုပ်ရမယ်၊ အအေးခန်းထဲ လုပ်ရမယ့် ကျန်းမာရေး ရှိရမယ်လို့တော့ ရေးထားတယ်။

ဆယ်တန်းအောင်လက်မှတ်က မြန်မာပြည်မှာ အရမ်း၊ အရမ်း အရေးကြီးပုံ ရပါတယ်။ "အသက်အထောက်အထားအတွက် အခြေခံပညာ အထက်တန်း အောင်လက်မှတ် မိတ္တူ" ကို လျှောက်လွှာနဲ့ တွဲပို့ရမယ်လို့ အလုပ်ခေါ်စာ ကြော်ငြာမှာ ရေးထားလို့ပါ။

ကြော်ငြာ
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
ဟိုတနေ့ (မတ် ၃ရက်နေ့)က ကြေးမုံ မျက်နှာဖုံးမှာလည်း မျက်လုံးပြူးစရာ ညွှန်ကြားချက်တွေ တွေ့ရသဗျ။ မီးမလောင်မီ ပြည်သူတို့၏တာဝန် ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

မီးလောင်ရင် အုံပြီး ပြုံပြီး မကြည့်နဲ့၊ လမ်းပိတ်တတ်တယ် မီးသတ်ကား ၀င်လို့ မရဘူး ဆိုပြီး ညွှန်ကြားတာတော့ မပါပါဘူး။

အချက် ၁၀ ချက်ရှိတဲ့ထဲက နောက်ဆုံးအချက်က မျက်လုံးပြူးစရာပါ။ "မီးသတ်ယာဉ်များ အစဉ် ကောင်းမွန်စေရေးအတွက် လှူဒါန်း ပံ့ပိုးပေးကြပါ" ဆိုပဲ။

အစိုးရက ပိုက်ဆံတွေ ဘယ်နေရာမှာ သွားသုံးပါလိမ့်။ အစိုးရမွဲသွားပြီ ထင်ပါရဲ့။ စစ်ရေးအသုံးစရိတ် ကြီးတာကြောင့်တော့ မဟုတ်ဘူး ထင်တယ်။ မြန်မာ့တပ်မတော်ကတောင် အရပ်သားတွေရဲ့ မော်တော်ယာဉ်တွေ ချောဆွဲပြီး သုံးနေရတာ မဟုတ်လား။ အင်း - အစိုးရမှာ တကယ် ဘတ်ဂျက် မရှိဘူး ထင်ပါရဲ့။

http://moemaka.blogspot.com/

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....

Thursday, March 4, 2010

၂၄ ဖေဖော်ဝါရီ ၂၀၁၀ ခုနှစ် မြန်မာ့အလင်း၊ ကြေးမုံ။

05/03/2010
Photobucket
သိန်းစိန်သည် သိန်းစိန်အတွက်ဖြစ်ရမည်။
သိန်းစိန်သည် သန်းစိန် ယောင်ဆောင်ထားသော သောင်းစိန် မဖြစ်စေရ။
ဒါ့အပြင် သိန်းစိန်သည် တိုင်းတပါး ဒေါ်လာ ကိုင်ဆောင်နေသော ကုဋေစိန် မဖြစ်စေရ၊
သိန်းစိန်သည် သိန်းစိန်ဖြစ်စေရမည်”


(ပုံ- သိန်းစိန်)
ခတ္တ ၀ံချီးရှုပ်

မှတ်ချက်။ ပေးပို့သူ(သားရွှေ)အိးမေလ်ထဲမှဖေါ်ပြသည်

ကိုဝဏ္ဏရေ ဆက်ဖတ်မယ်နော်....